Browser (Chrome, Firefox, Edge) တွင် www.kmahotels.com.mm ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ KMA Hospitality ၏ Main Page ကို တွေ့ရမည်ဖြစ်သည်။
ပင်မစာမျက်နှာတွင် ဖော်ပြထားသော ဟိုတယ်များထဲမှ မိမိတည်းခိုလိုသော ဟိုတယ်အား နှိပ်ပါ။ (ဥပမာ - KMA Naypyitaw Hotel)
ထိုအခါ Browser တွင် kmanaypyitawhotel.com.mm သို့ ရောက်ရှိမည်ဖြစ်သည်။
ဟိုတယ်၏ သီးသန့်စာမျက်နှာသို့ ရောက်ရှိသွားပါက အောက်ပါအချက်အလက်များကို ဖြည့်စွက်ပြီး "CHECK" ခလုတ်ကို နှိပ်ပါ။
ရရှိနိုင်သော Room Types နှင့် Rate များအား တွေ့မြင်ရမည် ဖြစ်ပြီး အခန်း၏ "MORE DETAIL" ကို နှိပ်ပြိး Room အချက်အလက်များကို အသေးစိတ် ကြည့်ရှုနိုင်သည်။
ထို့နောက် "Book Type" နှင့် "Extra Bed" များအား ရွေးချယ်ပေးပြီး စရင်းသွင်းလိုပါ "BOOK NOW" ခလုတ်ကို ဆက်လက်နှိပ်ပါ။
ဘိုကင်တင်ရန်အတွက် အဖွဲ့ဝင်အကောင့်ရှိရန် လိုအပ်ပါသည်။
အကောင့်မရှိသေးသူများအတွက် လိုအပ်သော အချက်အလက်များ (အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ် နှင့် လျှို့ဝှက်နံပါတ်) ကို ဖြည့်စွက်၍ REGISTER ခလုတ်ကို နှိပ်ပါ။
Login ဝင်ပြီးပါက မိမိရွေးချယ်ထားသော အခန်းအချက်အလက်များကို ပြန်လည်စစ်ဆေးပြီး ငွေပေးချေမှုစနစ် (Payment Method) ကို ရွေးချယ်ကာ ဘိုကင်ကို အပြီးသတ် အတည်ပြုနိုင်ပြီ ဖြစ်ပါသည်။
ဘိုကင်တင်ရာတွင် အခက်အခဲရှိပါက ဝဘ်ဆိုဒ်တွင် ဖော်ပြထားသော ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။